Saturday, September 7, 2013

V Root ဆိုတဲ့ One Click Root Tool လေးပါ။



ဒီ V Root လို့ခေါ်တဲ့ One Click Root Tool လေးက Samsung, HTC, Sony, Huawei, ZTE, Lenovo, Cool အစရှိတဲ့ ဖုန်းတွေ အပြင်အခြား အမည်မသိ တရုတ်ဖုန်း  တွေတော်တော်များများ Model အမျိုးပေါင်း ၁၀၀၀ ကျော်လောက်ကို One Click လုပ်ရုံနဲ့ အမြစ်တူးလို့ရပါတယ်။ Android Version 2.1 က နေ 4.2 ထိ အလုပ်လုပ်တယ်လို့ ပြောပါတယ်။ ကဲ လိုချင်တဲ့သူတွေ အောက်က
လင့် မှာဒေါင်းထားကြနော်....။ Update လုပ်ခိုင်းရင် လုပ်ပေးလိုက်ပါ။

Download from Dev-Host
အထဲမှာ Installer နဲ့ Portable နှစ်ခုပါပါတယ်။ အဆင်ပြေတာနဲ့ သုံးလို့ရပါတယ်။ အရင်ဆုံး Download လုပ်ထားတဲ့ Portable ဖိုင်ထဲက Root ဆိုတဲ့ App လေးကို Run ပြီး Root ဆိုတာလေးကို နှိပ်လိုက်ပါ။ ခဏကြာရင် သူ့ပာာသာသူ Reboot လုပ်သွားလိမ့်မယ်။ အဲ့ Software လေးမှာ အမှန်ခြစ်ပုံလေးနဲ့ ပြရင် Root ဖြစ်သွားပီ။ ကြက်ခြေခတ်ပြရင်တော့ Root မအောင်မြင်ဘူးပေါ့...။ အော် ဒါနဲ့ ဖုန်းနဲ့ ကွန်ပြူတာနဲ့ မချိတ်ခင် လုပ်နေကြအတိုင်း ဖုန်းထဲမှာ USB Debugging ကို On ထားမှ ရမှာနော်....။ Huawei Y210 မှာစမ်းသပ်ထားတာပါ။

No comments:

Post a Comment