
Samsung Galaxy S4 mini GT-I9190 ကို Official firmware 4.2.2 တင်နည်း
အရင်ဆုံး Firmware တင်ဖို့ လိုအပ်တဲ့ ဖိုင်လေးကို ဒေါင်းပါ။
1. S4_Mini - I9190 Firmware
2. Odin v1.35
ဒါလေးတွေ ဒေါင်းပြီးပီ ကိုယ့်စက်မှာ Samsung USB Driver နဲ့ Samsung Kies ရှိမရှိ အရင်စစ်ဆေးသင့်ပါတယ်။ မရှိသေးရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ။
1. Samsung Kies
2. Samsung USB Drivers
ကဲ အားလုံးပြည့်စုံ သွားပီဆိုရင်တော့......ဇာတ်လမ်းစလို့ရပြီပေါ့...။
အရင်ဆုံး ဒေါင်းထားတာလေးတွေကို ဖြည်ချလိုက်ပါ။ Folder တစ်ခုထဲမှာနော်။ အဲ့ Folder ထဲမှာရှိနေရမှာက Odin ကနေဖြည်ချထားတဲ့ File ၂ ဖိုင်ရယ်၊ Firmware ကနေဖြည်ချထားတဲ့ File ၂ ဖိုင်ရယ် ရှိနေရမှာ။ ရှိပြီဆိုရင်
1. Odin ကိုဖွင့်။
2. PDA မှာ ခုနက I9190____.tar (or) I9190____.md5 ဆိုတဲ့ File ကိုရွေး။
3. ဖုန်းကို ပါဝါပိတ်။ Download Mode ထဲဝင် ကြိုးချိတ်။ ပြီးရင် Start ကိုနှိပ်။
အဲ့မှာ Firmware စရေးနေပါပြီ။ ပြီးသွားရင် ဖုန်းမှာကော ကွန်ပြူတာမှာပါ ပြနေတဲ့ အတန်းလေးကပြည့်သွားပီး Computer မှာ ဆိုရင် PASS ပြသွားမယ်။ ဖုန်းမှာဆိုရင် Restart ကျသွားမယ်။ ဒါဆိုရင်တော့ Firmware တင်တာအောင်မြင်သွားပါပြီ။ ပြီးသွားရင်တော့ Recovery Mode ထဲဝင်ပြီး Factory Reset တွေ Wipe Cache တွေ လုပ်ပြီး Reboot System Now နှိပ်လိုက်ဦးနော်။
S4 MINI (GT-I9190) ကို ဒါလေးသုံးပြီး အလွယ်တကူ အမြစ်တူးလို့ရပါတယ်။ :P
အဆင်ပြေကြပါစေ။
s4 mini firmware ဒေါင်းမရဘူး အကို
ReplyDelete