Monday, September 9, 2013
Galaxy S2 (GT-I9100) Official 4.1.2 Latest Version Firmware
Galaxy S2 (GT-I9100) ကို Official 4.1.2 Firmware တင်နည်း
အရင်ဆုံး လိုအပ်တဲ့ File လေးတွေကို အောက်မှာဒေါင်းလိုက်ပါ။
1. I9100 4.1.2 Firmware
2. Odin v1.35
ဒါလေးတွေ ဒေါင်းပြီးပီ ကိုယ့်စက်မှာ Samsung USB Driver နဲ့ Samsung Kies ရှိမရှိ အရင်စစ်ဆေးသင့်ပါတယ်။ မရှိသေးရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ။
1. Samsung Kies
2. Samsung USB Drivers
အကုန်လုံးဒေါင်းပြီးသွားရင် အောက်က အဆင့်တွေအတိုင်းလိုက်လုပ်ရုံပါပဲ။
1. Odin ကိုဖွင့်။
2. PDA မှာ ခုနက ဒေါင်းထားတဲ့ .tar.md5 နဲ့ဆုံးတဲ့ File ကိုရွေး။
3. ဖုန်းကို ပါဝါပိတ်။ Download Mode ထဲဝင် ကြိုးချိတ်။ ပြီးရင် Start ကိုနှိပ်။
အဲ့မှာ Firmware စရေးနေပါပြီ။ ပြီးသွားရင် ဖုန်းမှာကော ကွန်ပြူတာမှာပါ ပြနေတဲ့ အတန်းလေးကပြည့်သွားပီး Computer မှာ ဆိုရင် PASS ပြသွားမယ်။ ဖုန်းမှာဆိုရင် Restart ကျသွားမယ်။ ဒါဆိုရင်တော့ Firmware တင်တာအောင်မြင်သွားပါပြီ။ ပြီးသွားရင်တော့ Recovery Mode ထဲဝင်ပြီး Factory Reset တွေ Wipe Cache တွေ လုပ်ပြီး Reboot System Now နှိပ်လိုက်ဦးနော်။
Labels:
Samsung
Subscribe to:
Post Comments (Atom)
No comments:
Post a Comment