Sunday, September 8, 2013
Galaxy S3 (GT-I9300) ကို မြန်မာဘာသာစကား နဲ့ မြန်မာကီးဘုတ် ပါဝင်တဲ့ 4.2.2 Firmware
Samsung Galaxy S3 (GT-I9300) အတွက် Original မြန်မာဘာသာစကား၊ မြန်မာဖောင့်၊ မြန်မာကီးဘုတ်ပါဝင်တဲ့ Firmware လေးပါ။ သာမန်အသုံးပြုသူတွေ အတွက် လည်းအဆင်ပြေသလို ဆားဗစ်သမားများအတွက်ပါ အဆင်ပြေစေနိုင်မယ့် Firmware လေးပါ။
အရင်ဆုံး လိုအပ်တဲ့ File လေးတွေကို ဒေါင်းကြရအောင်။
1. I9300 4.2.2 with Burmese Language Firmware (Download Link 1)
I9300 4.2.2 with Burmese Language Firmware (Download Link 2)
I9300 4.2.2 with Burmese Language Firmware (Download Link 3)
ZIP PASSWORD = MMAS
2. Odin v1.35 From DropBox
USB Driver မရှိသေးသောသူများအတွက်
3. 1. Samsung Kies
2. Samsung USB Drivers
ကဲဒါတွေ ဒေါင်းပြီးရင် အောက်က အတိုင်းလိုက်လုပ်ရုံပါပဲ။
1. အရင်ဆုံး ဒေါင်းထားတာတွေကို Folder တစ်ခုထဲမှာ ဖြည်ချလိုက်ပါ။
2. Odin ကိုဖွင့်ပါ။
3. Odin ထဲမှာ PDA ကိုနှိပ်ပြီး ခုနက ဒေါင်းထားတဲ့ Firmware ဖိုင် I9300XXUFME7_I9300OXAFME7_YYL.tar.md5 ဆိုတဲ့ ဖိုင် ကိုရွေးပါ။
4. Phone ကို ပါဝါပိတ်လိုက်ပါ။ Download Mode ထဲဝင်ပါ။
5. ဖုန်းနဲ့ ကွန်ပြူတာနဲ့ချိတ်ပြီးရင် Odin ထဲမှာ Start ကိုနှိပ်ပါ။
6. ကြိုးထိုးလိုက်တာနဲ့ Odin ရဲ့ ဘယ်ဘက်အပေါ်မှာ အ၀ါရောင်လေးတက်လာမယ်။ တစ်ကယ်လို့မတက်လာဘူးဆိုရင် အပေါ်က Driver လေးတွေကို ပြန်စစ်ပါ။ ပေါ်လာပါလိမ့်မယ်။
7. အချိန်အားဖြင့်တော့ ၁၅ မိနစ်လောက်တော့ကြာလိမ့်မယ် ပြီးသွားရင်တော့ Pass ဆိုပြီး အစိမ်းရောင်လေးပြသွားပါမယ်။ ဒါဆိုရင်တော့ ကြိုးဖြုတ်လို့ရပြီပေါ့....။
ဖုန်းက တစ်ခါတစ်လေကျရင် Boot တန်းမတက်ပဲ Recovery ထဲတန်းရောက်သွားရင်တော့ Wipe Data နဲ့ Wipe Cache ကိုတစ်ခုပြီးတစ်ခုနှိပ် ပြီးရင် အပေါ်ဆုံးက Reboot System Now ဆိုတာလေးကို ရွေးပြီး Power တစ်ချက်နှိပ်ပေးလိုက်ပါ။ Boot တက်လာရင်တော့ Android Version 4.2.2 လေးနဲ လန်းနိုင်ပြီပေါ့.....။ တစ်ကယ်လို့ Recovery Mode ထဲမရောက်ခဲ့ရင်တော့ အောက်မှာလေ့လာလို့ရတယ်နော်။ စက်တက်လာရင် Language ရွေးခိုင်းတဲ့ နေရာမှာ အခြား ဘာသာတစ်ခုခုနဲ့တက်နေရင် ပုံမှာပြထားတဲ့အတိုင်း Burmese ကိုရွေးပေးလိုက်ရင်ရပါပြီ။ အဲ့တာဆိုရင်တော့ မြန်မာဘာသာနဲ့ပေါ့....။ ဒါမှမပာုတ် United States ဆိုလဲ ရှော့မရှိပါဘူး။ ကြိုက်ရာထားလို့ရတယ်နော်....။
Download Mode မ၀င်တတ်ရင် ဒီကိုနှိပ်ပြီးကြည့်ပါ။
Recovery Mode မ၀င်တတ်ရင် ဒီကိုနှိပ်ပြီးကြည့်ပါ။
Credit to MMAS
Labels:
Samsung
Subscribe to:
Post Comments (Atom)
i9300T အဲမော်ဒယ်ရောတင်ရပါသလား
ReplyDelete