Monday, September 23, 2013

Huawei Android (4.1) နောက်ပိုင်းဖုန်းတစ်ချို့ကို Root မဖောက်ပဲ မြန်မာဖောင့်ထည့်မယ်

http://www.binarytribune.com/wp-content/uploads/2013/06/huawei-logo.jpeg

Huawei Android (4.1) နဲ့အထက်ဖုန်းတွေ တော်တော်များများ Bootloader Unlock မလုပ်၊ Root မလုပ်ပဲနဲ့ လဲ မြန်မာစာ ဖောင့်ကို ထည့်သွင်းလို့ရနေပါပြီ။ (ဖုန်းတိုင်းကိုမဆိုလိုပါ၊ ၁၀၀ မှာ ၉၀ လောက်)


အရင်ဆုံးလိုတာတွေကို ဒေါင်းလုပ်ဆွဲလိုက်ပါ
Huawei Theme for 4.1 (HWH.hwt) (Zawgyi Font)
Xperia Theme for 4.1 (XperiaH.hwt) (SanMyanmar Font)
S4 Theme for 4.1 (S4H.hwt) (Zawgyi Font)

ကိုယ့်ရဲ့ Huawei ဖုန်းလေးကို ကိုယ်ကြိုက်နှစ်သက်ရာ Theme လေးဒေါင်းလုပ်ဆွဲလိုက်ပါ။ (၃ခုလုံးဆွဲလဲရပါတယ်)

ဆွဲလို့ရလာတဲ့ (.hwt) ဖိုင်လေးကို မိမိဖုန်းရဲ့ Internal (OR) External Storage ထဲက HWThemes ထဲက
DiyTheme ဆိုတဲ့ Folder ထဲကို ပစ်ထည့်လိုက်ပါ။ (SDCard\HWThemes\DiyTheme\)

ထည့်ပြီးသွားရင်တော့ Back တွေနဲ့ တောက်လျှောက်ပြန်ထွက်ပါ (Home Screen ရောက်တဲ့အထိ)
ထွက်ပြီးသွားရင်တော့ Themes ဆိုတဲ့ Icon လေးကို လိုက်ရှာပြီးဖွင့်လိုက်ပါ။
ဖွင့်ပြီးရင် အောက်ဘက်မှာ ကိုယ်ထည့်ထားတဲ့ Themes လေးတွေတွေ့ရပါမယ် (eg-Xperia,S4,Huawei)
အဲ့သုံးခုထဲက ပြောင်းချင်တဲ့ Theme ကိုရွေးပြီး Apply ကိုနှိပ်၊ အဲ့ဒီမှာ Theme With Font နဲ့
Theme Without Font ဆိုပြီးမေးလာရင်တော့ Theme With Font ဆိုတာလေးကို ရွေးပေးလိုက်ပါ။
ဒါဆိုရင်တော့ ဖုန်းက Auto Reboot ဖြစ်သွားပြီး ပါဝါပြန်တက်လာရင်တော့ မိမိလိုချင်တဲ့ Theme လေးနဲ့ လန်းနေတာတွေ့ရပါလိမ့်မယ်။
မြန်မာဖောင့်ကိုတော့ Keyboard လေးထည့်ပြီး ရိုက်ကြည့်လိုက်နော်။


အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။

No comments:

Post a Comment