Monday, September 9, 2013

လူအများ ပြောပြောနေကြတဲ့ Hard Reset ဆိုတဲ့အကြောင်းလေး

လူအများပြောပြောနေကြတဲ့ Hard Reset ဆိုတာဘာလဲဆိုတာကို ဒီနေရာကနေ ပြောပြပေးသွားပါမယ်။
တစ်ဆင့်ချင်းစီ ပြောပြပေးသွားပါမယ်။ အောက်ကအဆင့်တွေအတိုင်း လိုက်လုပ်ရုံပါပဲ။
၁။ Hard Reset လုပ်ဖို့အတွက်ကို Recovery Mode ထဲရောက်နေဖို့ လိုအပ်ပါတယ်။
၂။ Recovery Mode ထဲဝင်ဖို့ဆိုတာ တစ်ကယ်တမ်းတော့ မခဲယဉ်းပါဘူး။
၃။ Recovery Mode ထဲဝင်ဖို့အတွက် တစ်ခုနဲ့တစ်ခုက ခလုတ်နှိပ်တာချင်းလဲမတူပါဘူး။
၎။ ပုံမှန် Recovery Mode ထဲဝင်ဖို့အတွက်က တော့ Vol Up + Power ကို ပြိုင်တူ နှိပ်ထားရုံပါပဲ။
၅။ Vol Up + Power ကတော့ ဖုန်းတစ်လုံးရဲ့ Recovery ပုံသေပေါ့နော်။ (Sony မှာ Recovery Mode ၀င်ရန် မလွယ်ကူပါ၊ မကြိုးစားပါနဲ့၊ အဆင့်ပေါင်းများစွာ ပြုလုပ်ရပါလိမ့်မည်၊ အသေးစိတ်မပြောတော့ပါ)
၆။ အခု Hard Reset ကို Huawei ဖုန်းတစ်လုံးကို Hard Reset ချပြပေးပါမယ်။
၇။ အရင်ဆုံး Battery ဖြုတ်လိုက်ပါ။ ၁၀စက္ကန့်လောက်နေရင်ပြန်တပ်ပါ။ (Battery မပါသောဖုန်းများက Power Off လုပ်လိုက်ပါ။)

၈။ ခုနက ပြောတဲ့ ပုံသေနည်းလေးအတိုင်း လုပ်ကြတာပေါ့.....။ Vol Up + Power ကို ၁၀ စက္ကန့်လောက်ဖိထားလိုက်ပါ။ Huawei Logo မှာ အကြာကြီးရပ်နေပါမယ်။
၉။ ခဏကြာရင် Huawei Logo ပျောက်သွားပြီး Android ရုပ်လေးပေါ်လာပါမယ်။ ပုံမှန် Android ရုပ်လေးနဲ့ မတူ တစ်မူထူးခြားနေလိမ့်မယ်။ ဒါဆိုရင် ဖိထားတဲ့ ခလုတ်တွေအကုန်လွတ်လိုက်ပါ။
၁၀။ ဒါဆိုရင်တော့ Recovery Mode ထဲကိုသင်ရောက်ရှိသွားပါပြီ။
၁၁။ အောက်က ပုံကိုကြည့်ပါ။






































၁၂။ ပုံထဲမှာ 1 နဲ့ 2 ဆိုပြီးတော့ နှစ်ခု ခွဲပေးထားပါတယ်။ 1 ကိုအရင်ရွေးလိုက်ပါ။
၁၃။ reboot system now က နေအောက်ကို ဆင်းဖို့ နဲ့ အပေါ်တက်ဖို့ကို Vol Up နဲ့ Vol Down ကိုအသုံးပြုပါမယ်။ Select မှတ်တာလေးကို အပေါ်တက်ချင်ရင် Up , အောက်ဆင်းချင်ရင် Down.
၁၄။ wipe data/factory reset ကို Select မှတ်ပြီးပီဆိုရင် ရွေးချယ်ဖို့ကို Power Button ကိုအသုံးပြုရမှာပါ။ Yes တွေ No တွေ တွေ့လို့ရှိရင် Yes ကို Selection ပေးပြီး Power တစ်ချက်နှိပ်လိုက်ပါ။ အဲ့ဒီ့အခါ စာတွေတက်လာပြီး အလိုအလျှောက်ပြီးသွားပြီး အပေါ်က ပုံအတိုင်းပြန်ရောက်သွားမယ်။
၁၅။ wipe cache partition ကိုထပ်ရွေးပေးပါ။ ရွေးချယ်တာက တော့ထုံးစံအတိုင်း Power နဲ့ပေါ့။ သူလဲ စာတွေ တက်လာပြီး ပုံပါအတိုင်း ပြန်ရောက်သွားမယ်။
၁၆။ ဒါဆိုရင်တော့ Hard Reset ချလို့ပြီးသွားပါပြီ။ နောက်ဆုံးအဆင့်အနေနဲ့ အပေါ်ဆုံးက reboot system now ကို နှိပ်ပေးလိုက်ရုံပါပဲ။

Samsung Series တွေလဲ ထိုနည်းလည်းကောင်းပါပဲ။ ဖုန်းအမျိုးအစား ၁၀၀ မှာ ၉၉ မျိုးလောက်က Recovery မှာ အဲ့ဒီ့ wipe data/factory reset နဲ့ wipe cache partition ဆိုတဲ့ Option ပါပါတယ်။
Samsung Series တွေအတွက် Recovery Mode ၀င်နည်းကို ဒီမှာ သွားရောက် လေ့လာနိုင်ပါတယ်။

No comments:

Post a Comment