Friday, September 26, 2014

Windows 8.1 ပေါ်မှာ App Store ထဲက App & Games ကို IDM နဲ့ Download လုပ်ပြီး Offline သွင်းနည်း


Windows 8.1 ပေါ်မှာ App Store ထဲက App & Games ကို IDM နဲ့ Download လုပ်ပြီး Offline သွင်းနည်း
Windows 8.1 တင်ထားသူများအတွက် သတင်းကောင်းတစ်ခုလဲဖြစ်ပါတယ်။
Windows Store (ပုံပေါ်က အစိမ်းရောင် လေးနဲ့ ပာာ၊ အောက်ကအိတ်ပုံလေးနဲ့လေ အဲ့တာလေးကို ပြောတာပါ။ တစ်ခါမှ မ၀င်ဘူးတဲ့သူဆိုရင် အိတ်ပုံစံ ကလေး ပဲပြပါမယ်။)
ပာာ အခုဆိုရင် မြန်မာနိုင်ငံမှာ ပါသုံးလို့ ရနေတဲ့ အနေအထားပါ။ ပြောရရင် တော့ Smart Phone လိုမျိုးပဲ အသုံးပြုချင်တယ်ဆိုရင်တော့ Store ပေါ်ကနေ Application and Games တွေကို Download ပြုလုပ်လို့ရပါလိမ့်မယ်။ (ဥပမာ - Facebook, Viber, Skype, Asphalt 8, Despicable Me, Other Games and Online Games)
ဒါပေမဲ့ ဆိုလိုချင်တာက အဲ့ဒီ့ပာာ မပာုတ်ပါဘူး။ ဒီကောင်တွေကို Store ကနေ ဒါရိုက် Download ဆွဲရင် သူ့ရဲ့ Downloader နဲ့ ဆွဲတဲ့အတွက် အချိန်အားဖြင့် အတော်အတန် ကြာမြင့်တတ်ပါတယ်။ (For Myanmar Network Connection) တခြားနိုင်ငံတွေကတော့အဆင်ပြေမှာပါ။
အခုပြောပြပေးမှာက Mozila က Download ဆွဲတဲ့ပာာကို Link Copy ကူးပြီး IDM နဲ့ ပြန်ပြောင်းသလို၊ အဲ့လိုပြောင်းနည်းလေးပြောပြမှာပါ။

ကဲ လိုအပ်ချက်လေးတွေ ပြောပါမယ်။

၁။ သင့်ဆီမှာ Microsoft Account ရှိရပါမယ်။ မရှိပါက >> https://mail.live.com/ မှာပြုလုပ်ပါ။ (ဒီအကောင့်က G-Mail လိုမျိုးပါပဲ။ အဆင့်တော့နဲနဲမြင့်တာပေါ့၊ သူများတွေ G-Mail သုံးနေတဲ့အချိန်မှာ ကိုယ်ဒေက Microsoft Mail နဲ့ ... ခိခိ )
၂။ Fiddler Software >> အထူးလိုအပ်ပါတယ်။ Link Change ပေးတဲ့ Software ပါ။
မရှိပါက >> !! Download Here !!
၃။ Internet Download Manager (IDM) >>  လိုအပ်ပါတယ်။
မရှိပါက >> !! Download Here !!

ကဲ ဒါတွေရှိရင် ဇာတ်လမ်း စလို့ရပါပြီ။




Step - 1
အရင်ဦးဆုံး Fiddler ကို ဖွင့်လိုက်ပါ။ ဖွင့်ပြီးတာနဲ့ တပြိုင်နက် Windows Store ကို လဲဖွင့်ပေးထားပါ။
 အပေါ်ကပုံအတိုင်း Win8 Config ကို Click ပါ။

 1 > Refresh > 2 Exempt All > 3 Save Chages 4 > Close
အသီးသီး နှိပ်ပေးသွားပါ။ ပြီးလျှင် Windows Store ဘက်သို့ ပြန်သွားပါ

Step - 2
သင်လိုချင်တဲ့ Application ကို Window Store မှ ရွေးချယ်ပြီး Download ဆွဲလိုက်ပါ။ (FREE တွေကို ဆွဲပါ။ ဘာကြောင့်လဲဆိုတော့ သင့် Account မှာ ပိုက်ဆံမရှိပါ။
Window Store ထဲဝင်ပြီး Scroll ကို ဘေးသို့ ဆွဲလိုက်ရင်း နောက်ဆုံး Top Paid နဲ့ Top Free တွေ့ပါမယ်။
Top Free ကိုရွေးချယ်ပြီး သင်လိုချင်တာကို ရှာပါ။ (ဥပမာ - Facebook, Viber, Etc.... )


Step - 3
ဝင်ပြီးသွားပြီဆိုရင် ပုံစံ အကြီးနဲ့ ပေါ်လာပါမယ်။
ဥပမာဗျာ ကျွန်တော်တို့ Facebook Application သွင်းမယ် ဆိုကြပါတော့။


Facebook ပေါ်ကို Click ထောက်လိုက်ပါ။ ဒါမှ  မပာုတ် တခြားပာာ တွေ ရှာချင်တယ်ဆိုရင်တော့ အပေါ်ဆုံး ညာဘက်ထောင့်ပေါ်မှာ Search Box ရှိပါတယ်။ အဲ့မှာရှာပါ။

Step - 4

လေးထောင့် ပြထားတဲ့နေရာလေးကို ကြည့်ပါ။ Size က 15Mb ပဲရှိတယ်ပြောပါတယ်။ ဒါပေမဲ့ တကယ် Download လုပ်တာ က 50 MB လောက်ရှိပါတယ်။ ကျွန်တော် ဒီနည်းမသိခင်တုံးက Download ဆွဲတာ ညဘက်ကြီးတောင် ၁နာရီနီးပါးကြာတယ်။ ကဲ ဆက်ပြောပါမယ်။ Install ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ သူပာာ Download စတင်ဆွဲပါလိမ့်မယ်။

Step - 5
Fiddler Software ဘက်သို့ ပြန်သွားပါ။ အောက်ကပုံအတိုင်း စာတွေ အများကြီး ပေါ်နေပါမယ်။

အဲ့ဒီ့ထဲမှာ မှ ကျွန်တော် Selection ပေးထားတဲ့ပာာ လေးကို မှ ဘာလို့ရွေးချယ်လဲဆိုတော့ သူ့ ပုံမှာ Download လုပ်နေတဲ့ ပုံလေးပေါ်နေတယ်ဗျ ။ သေချာကြည့်ပါ။ 12 ဆိုတဲ့ ဘေးမှာပါ။
အခြားသော Application များ ကိုလည်း ထို Download လုပ်တဲ့ပုံကို ကြည့်ပြီးမှ Select ပေးပြီး
Right Click > Copy > Just Url ဆိုပြီး အသီးသီး ရွေးသွားပါ။
အဲ့လိုမှ မရွေးချင်ရင် Click လုပ်ပြီးတာနဲ့ Ctrl + U နှိပ်ပေးပါ။ Copy Just Url နဲ့ တူတူပါပဲ။

Step - 6
Internet Download Manager (IDM) ကိုဖွင့်ပါ။ Add URL ကို နှိပ်ပါ။
နှိပ်ပြီးပြီး ချင်း သူ့အလိုလို စာသားတွေ Paste လုပ်ပြီးသားဖြစ်ပါလိမ့်မယ်။ OK ကို နှိပ်ပေးလိုက်ပါ။
အောက်က လိုမျိုး Download ဆွဲဖို့ ပေါ်လာမယ်။

Step - 7
ဒီကောင့်ကို Download စဆွဲပြီ ဆိုတာနဲ့ Store ဘက်သို့ ပြန်သွားပြီး ခုနက နေ Facebook ကို Window Downloader နဲ့ ဆွဲထားတာကို Cancel နှိပ်ပေးပါ။



Step - 8
Download ဆွဲပြီးရင်တော့ ဘာမှန်းမသိတဲ့ နာမည်နဲ့ ရောက်ချလာမှာပါ။ သူ့ Extension က Zip ပါ။
ဒီလိုဖြစ်နေပါမယ်။ ( xxxxxxxxxx.zip)
အရင်ဦးဆုံး Extension တွေ မိမိ ကွန်ပြူတာ မှာ ပေါ်လား အရင် စစ်ကြည့်စေချင်ပါတယ်။ မပေါ်ပါက
Control Pannel ထဲဝင်ပါ။ Folder Options ဆိုပြီး ရှိပါလိမ့်မယ်။
Folder Options ထဲဝင်ပြီး ရင် View Tab ကိုဝင်ပါ။
Hide extensions for known file types ကို Check လုပ်ထားရင် Uncheck လုပ်ပေးပါ။ ပြီးလျှင် Apply, OK.
Uncheck လုပ်ထားပြီးသားဆိုရင် ထပ်လုပ်စရာမလိုပါ။ Cancel သာတန်းနှိပ်ပီးပြန်ထွက်ပါ။

Step - 9
Right Click > Rename လုပ်ပြီး Facebook ဆိုပြီးနာမည်ပြောင်းပေးပါ။ အနောက်က Extension ကို တော့ appx ဆိုပြီး ပြောင်းပေးပါ။
ဒါဆိုရင် ဒီလိုဖြစ်သွားပါမယ်။ (Facebook.appx)

အဲ့ဒီ့ Facebook.appx ကို C:\ အောက်ထဲကို ထည့်ပေးပါ။

Step - 10
ထည့်ပြီးသွားပြီ ဆိုတာနဲ့ Windown Key + R (Run Box ) ခေါ်ပါ။
gpedit.msc လို့ ရိုက်ထည့်ပြီး Enter Or Click Ok.
ပုံတွင်ပြထားသည့်အတိုင်း Adminstrative Templates ကို Double Click နှိပ်လိုက်ရင် ဘေးမှာ ထပ်ပြီးတော့ ကျလာပါမယ်။ Windows Components ကို လည်း Double Click နှိပ်ပေးပါ။

App Package Development >> Double Click
Enabled ကို ရွေးပေးပြီး Apply and OK နှိပ်ပါ။
ပြီးရင်တော့ ဖွင့်ထားတဲ့ gpedit.msc ကို အကုန်လုံး ပိတ်လိုက်လို့ရပါပြီ။
Window + R (Run Box ) ခေါ်ပြီးတော့ gpupdate ဆိုပြီး ရိုက်ထည့်ပြီး Enter ခေါက်ပါ။ Command Box လေး ကျလာပြီး သူ့ပာာသူ အလိုလို ပိတ်သွားပါမယ်။

Step - 11
Window + R (Run Box ) ထပ်ခေါ်ပါ။
powershell ဆိုပြီး ရိုက်ထည့်ပြီး Enter.
ပြီး ရင် အထက်ပါအတိုင်း စာရိုက်ထည့်ပါ။
add-appxpackage C:\Facebook.appx
ပပေါ်က ကောင် အသုံးမ၀င်ရင် အောက်က စာပြန်ပြောင်းထည့်ကြည့်ပါ။
add-appxpackage C:\Facebook.appx -Dependency path C:\winjs.appx
ပြီးလျှင် Enter.
အဲ့ဒီ့အတန်းလေး ပြည့်သွားတာရင် သင့် Application Install လုပ်လို့ပြီးပါပီ။
ကဲသွင်းပြီး မပြီးကို အောက်ကပုံအတိုင် စစ်ဆေးကြည့်ပါဦး။

NOTE : ?? >> ခုနက Application က  Facebook ဖြစ်လို့ Facebook ဆိုပြီး နာမည် ပေးတာပါ။
Asphalt 8 ဆိုရင် အဲ့လိုနာမည်ပေးလိုက်ပါ။ မှတ်မိလွယ်တာပေါ့။
အော်... တစ်ခုပြောရဦးမယ်။ No Spacing နော် ။ Space လုံးဝ မထည့်မိပါစေနဲ့။ Asphalt 8 >> Asphalt8

ကဲ .. အဆင်ပြေကြပါစေဗျာ ......

No comments:

Post a Comment