Monday, September 22, 2014

FACEBOOK, G-Mail Verification လုပ်ဖို့ အတွက် ဖုန်းနံပါတ် တစ်ခု တည်ဆောက်နည်း

ဒီ Post လေးတင်ရတဲ့ ရည်ရွယ်ချက်က တော့ ကျွန်တော် ရဲ့ Hotmail လေး Temporary Blocked ဖြစ်သွားတာကို Unblocked ပြန်ဖြစ်ဖို့ အတွက် ဖုန်းနဲ့ Verification လုပ်ခိုင်းပါတယ်။
မြန်မာ နိုင်ငံဆိုတော့ သိတဲ့ အတိုင်းပဲလေ .... အကြာကြီးနေမှ လာတာတို့ မလာတာ တို့ရှိတတ်ပါတယ်။ တချို့ တချို့သော သူတွေ ဆိုရင် ဆံဖြူ သွားကျိုးထိ တောင် ဖုန်းစောင့်ရင်း သေသွားကြသတဲ့ ... :3 :3 :3
ဒါနဲ့ ကျွန်တော်လဲ အကြံရပြီး ဒီနည်းအတိုင်းလုပ်လိုက်တော့ အဆင်ပြေသွားပါတယ်။ ဒီနည်းကို အသုံးပြုခြင်းအားဖြင့် Facebook အကောင့် အသစ်၊ G-Mail အကောင့် အသစ် လဲ ဖွင့်လို့ရနိုင်ပါတယ်။
ကဲ.... စကားလေးတွေ နဲနဲ ရှည်သွားပြီထင်တယ်။ သိတဲ့သူကတော့ ကျော်ကြည့်သွားပေါ့ဗျာ။

အရင်ဦးဆုံး မိမိ Browser မှာ  http://voicemail.k7.net/signup/ လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ.. ( အလွယ် နည်းကတော့ ဒီမှာ နှိပ်လိုက်ပါ )
အဲဒီိကိုရောက်တဲ့အခါ .. အောက်ကပုံအတိုင်း ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ။
 အပေါ်က စာတွေ မမြင်ရရင် ပြန်ရှင်းပြပါမယ်။ အပေါ်က ပုံကို Click ခြင်းဖြင့်လဲ ပုံကြီး ချဲ့နိုင်ပါတယ်
Email = သင်လက်ရှိသုံးနေတဲ့ G-Mail ရိုက်ပါ။ မရှိရင် ရှိတဲ့ပာာရိုက်ပါ။ :P
Re-enter Email = အပေါ်က အတိုင်း ထပ်ရိုက်ပါ။
Security Code = Password သဘောမျိုးပါပဲ။ ( ကြိုက်နှစ်သက်ရာ နံပါတ် ၄ ခု ရိုက်ထည့်ပါ)
အောက်က ကျတော့ လေးထောင့်ကွက် ပြထားတဲ့ အတိုင်း ဖြည့်စွက်ပေးပါ။
အောက်ဆုံးက ပုံလေးကတော့ ပုံမှာ ပြထားတဲ့ အတိုင်း ဂဏန်းလေးတွေ ဖြည့်စွက်ပြီး နောက်ဆုံး SUBMIT ကို နှိပ်ပေးလိုက်ရုံပါပဲ။

ပြီးရင်တော့ အောက်က ပုံကို ဆက်ကြည့်ပါ။
Phone Number ဆိုတဲ့ နေရာမှာ ပြထားတဲ့ ဂဏန်းက သင့်ရရှိတဲ့ ဖုန်းနံပါတ်ပါ။
ဒီပုံမှာ ပြထားတာကတော့ ဥပမာအနေနဲ့ ပြထားတာပါ။ အဲ့ဒါလေးကို မှတ်ထားပေးပါ။
အောက်က စာတွေကတော့ သင့် ရဲ့ Imformation ကို အကုန်ပြထားပေးတာပါ။
ကဲ ဆက်သွားကြရအောင် ..... ။

အခုလိုရရှိလာတဲ့ပာာကို မှတ်ထားပြီး G-Mail မှာဆိုရင်
Country မှာ United States (+1) ကိုရွေးပေးပြီး အဲ့ဒီ ဖုန်းနံပါတ်ကို (-) လေးတွေ ဖြုတ်ပြီး အောက် ပုံစံအတိုင်း ရိုက်ထည့်ပါ။
(206)337-5535
ရိုက်ထည့်လိုက်ပြီး Text Message (or) Call
မက်ဆေ့ပို့ရမလား၊ ဖုန်းခေါ်ရမလား လို့ မေးပါမယ်။
Call +1(206)337-5535 ဖုန်းခေါ်ခိုင်းလိုက်ပါ။
သင့် ဖုန်းခေါ်တာတွေကို အောက်က ပုံအတိုင်း သွားကြည့်နိုင်ပါတယ်။

my K7 ကို နှိပ်ပါ။
Login ၀င်ဖို့အတွက် အပေါ်က Box မှာ ခုနက ဖုန်းနံပါတ် ရိုက်ထည့်ပါ။
(ဒီလို 206-337-5535 မပာုတ်ပဲ 2063375535 ဒီလို ရိုက်ပေးပါ)
အားလုံးပြီးသွားရင် Submit ကို နှိပ်ပီး ၀င်နိုင်ပါပြီ။ အောက်ကပုံကို ဆက်ကြည့်ပါ။
သင့်ဆီ ဖုန်းခေါ် ဆိုထားတဲ့ Voice Mail ကို သင့် အကောင့် ထဲမှာ ၀င်နေပါပြီ။ Save to Disk နှိပ်ပေးခြင်းဖြင့် Download ဆွဲနိုင်ပြီး အသံ ကို နားထောင်နိုင်ပါပြီ။
ဒါဆိုရင်တော့ Facebook - G-Mail Comfirmation Code တောင်းတဲ့ Problem အပြင် အခြား သော Comfirmation ပြသနာ တွေပါ ဒီ နည်းနဲ့ အဆင်ပြေနိုင်ပါတယ်။

အဆင်မပြေပါက အောက် မှာ မန့်ခဲ့နော်။
 


No comments:

Post a Comment