Sunday, September 14, 2014

ဖုန်းလာတာကို ကိုင်တိုင်း ပိုက်ဆံရနေမယ်ဆိုတဲ့ Application


ဖုန်းလာတာကို ကိုင်တိုင်း ပိုက်ဆံရနေမယ်ဆိုတဲ့ Application
ဖုန်းကိုင်တာနဲ့ ပိုက်ဆံရမယ် လို့ အမည်တွင်ထားတဲ့ Cash 4 Call ဆိုတဲ့ Android Application လေးကို VMG Telecoms Company မှ ဖြန့်ချိတာဖြစ်ပြီးတော့
Google Play Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်။
ဒီ Application လေးရဲ့အားသာ ချက်လေးကတော့ သင့်ဆီလာသမျှ ဖုန်းအ၀င် Call တွေ လက်ခံတိုင်း ပိုက်ဆံရနေမှာဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့....
ဒီ App လေးက Video Caller ID နဲ့ နဲနဲ သွားဆင်တယ်ဗျ။
သင့်ဖုန်းမှာ Ringtone လာမယ့်အစား သူ့ဆီက နေကြေငြာလေးတစ်ခုလာပါမယ်။ အဲ့ဒီ့ကြေငြာကို ၁၀စက္ကန့်လောက် မကြည့်မနေ ကြည့်ရမယ်။ ကြည့်ပြီးမှာ ဖုန်းကိုင်ပါ။ (မကြည့်ချင်လဲ ၁၀စက္ကန့်စောင့်ပြီးမှ ကိုင်ပါ)

ဒါဆိုရင် သင် မြန်မာကျပ်ငွေ ၅ ကျပ်ရပါပြီ။
သင့် အကောင့်ထဲမှာ အမြဲ Up to Date ဖြစ်နေဖို့ Software ထဲမှာ ငွေ Update ဆိုတာကို အမြဲနှိပ်ပါ။
ဒီ Application ကိုမြန်မာတွေရေးဆွဲထားတဲ့ Apk ဖြစ်ပါတယ်။ စမ်းပြီးတော့ သုံးစွဲကြည့်ဖို့အတွက်
တင်ပေးလိုက်ပါတယ်။ ငွေထုတ်လို့ ရမရဆိုတာတော့ ဘယ်သူမှ ငွေထုတ်တာ မရှိသေးတော့
သေချာမပြောနိုင်သေးပါဘူး။ ပိာုတစ်နေ့က မော်ဒန် ဂျာနယ်မှာတွေ့တာရယ် သူတို့ သတင်းစာဆွေးနွေးပွဲတွေမှာ ပြောတာတွေရယ်ဆိုရင်တော့ နောက်ပိုင်း အဆင်ပြေနိုင်မယ်ထင်ပါတယ်။
နီးစပ်ရာ Bank တွေမှာလဲထုတ်လို့ရမယ်။ ငွေ ၃၀၀ ရတာနဲ့ ABC လိုဆိုင်မျိုးမှာ Coca Cola တစ်ဗူး ရနိုင်အောင် ညှိနှိုင်းတိုင်ပင်နေဆဲပါလို့တော့ ပြောပါတယ်။

Download From Mediafire : >> https://www.mediafire.com/?3bgtq019eij4de2
Play Store LINK : >> https://play.google.com/store/apps/details?id=com.cash4adds

1 comment: