Monday, October 28, 2013

Redsn0w ကိုအသုံးပြုပြီး iOS 6.1.3 ကို Jailbreak လုပ်ကြမယ်

http://www.jailbreaknation.com/wp-content/uploads/2012/10/DevTeam-redsn0w-1.png 



Redsn0w ကိုအသုံးပြုပြီး iOS 6.1.3 ကို Jailbreak လုပ်ကြမယ်

မှတ်ချက်။        ။ ဒီ Tutorial ကို iOS 6.1.3 ကိုင်ဆောင်ထားသော Jailbreak မရသော သူများသာဖတ်ပါ။ iOS 6.1.2 ကိုင်ဆောင်ထားသောသူများ Evisi0n 1.5.3 ဖြင့် Untethered Jailbreak လုပ်နိုင်ပါသည်။


Jailbreak လုပ်နိုင်မည့် iDevice များ

  • iPhone 4
  • iPhone 3GS
  • iPodTouch 4G 
 အရင်ဆုံး လိုအပ်တဲ့ ဖိုင်တွေကို ဒေါင်းလုပ်ဆွဲပါ။

iOS 6.0 Firmwares
iPhone 3GS
iPhone 4
iPodTouch 4G

Download Redsn0w
For Windows
For Mac OS

ဒီ Jailbreak လုပ်တဲ့ နည်းလမ်းကတော့ Tethered Jailbreak ဖြစ်သည့် အတွက် Jailbreak ဖြစ်သွားပြီးရင်တော့ iDevice ကို Battery ကုန်တာဖြစ်ဖြစ်/ Power Off/ Reboot လုပ်မိတိုင်း Computer ကနေ Redsn0w နှင့် Just Boot လုပ်မှသာ ပြန်လည် ပါဝါ ပွင့်လာပါမယ်။  


ဒါကြောင့် ဒီ Tethered Jailbreak လုပ်ပြီးသွားရင်တော့
Power Off/ Reboot/ Battery ကုန်အောင် သုံးတာတို့ လုပ်လို့မရပါဘူး။ နဲနဲ အလုပ်ရှုတ်စေပါတယ်။

 
 

အခုဆိုရင်တော့ အပေါ်က ပာာလေးတွေလဲ ဒေါင်းပြီးပီလို့ ထင်ပါတယ်။ စလုပ်ဖို့ အောက်က Step by Step တိုင်းသာလိုက်လုပ်လိုက်ပါ။

Step - 1
Redsn0w ကို Run ပါ။ (Run တဲ့အခါမှာ redsn0w.exe ကို Right Click > Run as Administrator)

Step - 2
ပွင့်လာရင် (Jailbreak နဲ့ Extras) ဆိုပြီးတွေ့ရင် "Extras" button ကို နှိပ်ပြီး "Select IPSW" ကိုရွေးပါ။

Step - 3 

ခုနက ဒေါင်းထားတဲ့ မိမိ Device နှင့် ဆိုင်တဲ့ iOS 6.0 ကို ရွေးပေးလိုက်ပါ။

Step - 4
Redsn0w ၏ Main screen ကို Back နှင့် ပြန်သွားပြီး ခုနက နှစ်မျိုးတွေ့တဲ့ထဲက "Jailbreak" button ကို နှိပ်ပါ။  "Install Cydia" ဆိုတဲ့ Check Box တွေ့ရင် နှိပ်ဖို့ မမေ့ခဲ့နဲ့နော်။


Step - 5
မိမိရဲ့ iDevice ကို PC နှင့် ချိတ်ဆက်ပါ။ ပြီးရင် Next နှိပ်ပါ။

ဒီအချိန်ကစပြီးတော့ Redsn0w မှ DFU mode သို့  ဝင်ရန် တစ်ဆင့်ချင်း ညွှန်ကြားပါမယ်။ သူပြောတဲ့အတိုင်း အချိန်ကိုက် လုပ်ဆောင်ပါ။

Step - 6
DFU mode သို့  ဝင်သွားပြီဆိုတာနဲ့ Redsn0w က အလိုလျှောက် Jailbreak စတင် လုပ်ဆောင်ပေးပါလိမ့်မည်။ အဲ့လိုအချိန်မှာ ခုနက ဖိထားတာတွေ လွတ်ဖို့ မမေ့နဲ့နော်။

အတန်းလေးတွေ တက်ပြီးသွားရင် မိမိရဲ့ Devices မှာ စာတွေအများကြီးပြေးသွားပါမယ်။ ဘာမှမစိုးရိမ်ပါနဲ့။ ဘာမှမဖြစ်ပါဘူး။ နောက်ဆုံးပြီးဆုံးသွားရင်တော့ မိမိရဲ့ Home Screen ကို ရောက်သွားပါမယ်။ Cydia ကိုရှာမနေပါနဲ့၊ မတွေ့သေးပါဘူး။ တစ်ဆင့်လုပ်ဖို့ ကျန်နေပါသေးတယ်။ **** JUST BOOT ****

ခုနက Redsn0w ကိုပိတ်မိရင် ပြန်ဖွင့်ပါ။ Step 1 to 3 ပြန်လုပ်ပါ။ ပြီးရင် အပေါ်ဆုံးက JUST BOOT ကိုနှိပ်ပါ။ သူပြောတဲ့အတိုင်းလုပ်ဆောင်ပါ။ ပါဝါပြန်တက်လာရင် CYDIA တွေ့ရပါမယ်။

မှတ်ချက်။       ။ Tethered jailbreak ဖြစ်တဲ့အတွက် Reboot / Restart / Power OFF  လုပ်သည့် အချိန်တိုင်း Apple logo တက်လိုက် ပါဝါ ပြန်ပွင့်လာလိုက် နှင့် တက်လိုက်ကျလိုက်ဖြစ်နေမည်။
ထိုအခါ **** JUST BOOT **** လုပ်ပေးပါမှ Power ပြန်ပွင့်လာမည်။


အဆင်ပြေကြပါစေ။



No comments:

Post a Comment