Thursday, October 10, 2013

Computer PC ပေါ်မှာ Android Application File (.apk) ပုံလေးတွေမြင်ဖို့


မိမိရဲ့ Computer မှာ Android Application File(.apk)
လေးတွကို မြင်ချင်သူတွေအတွက်

တစ်ချို့သောသူတွေတော်တော်များများက မိမိရဲ့ Computer,Laptops တွေပေါ်မှာ Android Application File (.apk) ဖိုင်လေးရှိပြီးတော့ ဘယ်ဖိုင်က ဘာ၊ ဘယ်ပာာက ဂိမ်း၊ ဘယ်ပာာက ဆော့ဖ်ဝဲ ဆိုပြီးမသိကြတော့
အခက်တွေ့ကြတာပေါ့..။ ဒါလေးတွေကို ဖြေရှင်းဖို့အတွက် အခု ပြောပြပေးမဲ့ Software လေးကို ဒေါင်းလုပ်ဆွဲပြီး PC မှာ Install လုပ်လိုက်ပါ။ တရုတ် ပြည်က Android မှာနာမည်ကြီး Company "Muzhiwan" ကနေထုတ်လုတ်ထားတာဖြစ်တဲ့အတွက် တရုတ်စာတွေနဲ့လာမှာပါ။ ဒါပေမဲ့စိတ်မပူပါနဲ့၊ ဘာ Error မှမရှိပါဘူး၊ ရဲရဲ ကြီးသွင်းလိုက်ပါ။
ဒီ Software လေးကို Install လုပ်နေတုံး ဘာမေးမေး YES ပဲနှိပ်ပေးလိုက်ပါ။
Install လုပ်ပြီးသွားရင်တော့ Desktop ပေါ်မှာ တရုတ်စာနဲ့ ICON နှစ်ခုပေါ်လာပါမယ်။ ဘာမှလုပ်စရာမလိုပါဘူး။ ဖျက်ပစ်ချင် ဖျက်ပစ်လိုက်ပါ။
ပြီးသွားရင် မိမိရဲ့ APK File လေးတွေကိုကြည့်လိုက်ပါဦး။ အဲ့ဒီ့ Application ရဲ့  ICON လေးတွေပေါ်နေတာတွေ့ရပါလိမ့်မယ်။ မပေါ်ခဲ့ရင်တော့ အဲ့ဒီ့ APK ဖိုင်လေးကို Double Click နှိပ်လိုက်ပါ။ ပြီးသွားရင် Choose Default Program ဆိုတာလေးကို ရွေးပေးပြီး ဘေးက တရုတ်စာတွေနဲ့ ပာာကိုရွေးပေးပါ။ အောက်က ပုံအတိုင်းပါ။
အဲ့လို ရွေးပေးလိုက်ရင်တော့ မိမိရဲ့ APK လေးတွေက ပုံလေးတွေနဲ့ လန်းနေပါလိမ့်မယ်။
အဆင်မပြေတာရှိရင် အောက်မှာ COMMENT ရေးထားလို့ရပါတယ်။


ZIP PASSWORD = SSOT


အဆင်ပြေကြပါစေ။

No comments:

Post a Comment