အသစ်တကာ အသစ်ကို မှကြိုက်နှစ်သက်သူတွေ အတွက် V-Root ကို Version အသစ်နဲ့
ထပ်မံထွက်ရှိလာပါပီ။ Version 1.7.2 ဖြစ်သွားပါပြီ။ တရုတ်လိုမမြင်စေပဲ
မြန်မာဘာသာစကားကို အသုံးပြုထားတဲ့ အတွက်ကြောင့် အခုမှစသုံးမဲ့သူတွေလဲ
အဆင်ပြေစေမှာပါ။
အရင်ဆုံးအနေနဲ့ V-Root 1.7.0 မှာ မြန်မာလိုမြင်ပြီးသားသူတွေက တော့ Version 1.7.2 ကိုတန်းဆွဲလိုက်ပါ။ မရှိပဲ အခု Version 1.7.2 ကို အစိမ်းသက်သက် စသွင်းမဲ့သူကတော့ Myanmar လိုမြင်ရဖို့ Font ပါသွင်းရပါမယ်။
V-Root ကို Font မရှိသေးတဲ့သူကတော့
ဒေါင်းလို့ရလာတဲ့ထဲက ပထမဆုံးအနေနဲ့ vrfont_kaungmyat.ttf ကို C:\Windows\Fonts ထဲကိုပစ်ထည့်လိုက်ပါ။ Window + R ခေါ်ပြီး fonts ဆိုပြီးရိုက်၊ ပြီးရင် အဲ့ထဲကိုထည့်လိုက်တာလဲတူတူပါပဲ
ထည့်ပြီးသွားရင်တော့ V-Root ကို Install လုပ်လိုက်ပါ။ အောက်မှာဒေါင်းလိုက်ပါ။
အခုဆိုရင်တော့ သင့်ရဲ့ V-Root လေးပာာ Version 1.7.2 နဲ့ မြန်မာလိုပါ မြင်ရပါပြီ။
အဆင်ပြေနိုင်ကြပါစေ။
No comments:
Post a Comment