Friday, November 1, 2013

IDM နဲ့ Resume Download ပြန်လုပ်လို့ လင့်သေသွားတဲ့ ဖိုင်တွေဖြစ်ဖြစ် Password တောင်းတာပဲဖြစ်ဖြစ်ကို ဖြေရှင်းဖို့


Resume Download ပြန်လုပ်လို့ လင့်သေသွားတဲ့ ဖိုင်တွေဖြစ်ဖြစ် Password တောင်းတာပဲဖြစ်ဖြစ်ကို ဖြေရှင်းဖို့....။ (Only Works with IDM)

pan.baidu.com ကနေဖြစ်ဖြစ် တခြား Resume ပေးတဲ့ Link တွေက နေဖြစ်ဖြစ် IDM နဲ့ ဒေါင်းလုပ်ဆွဲရင်း နဲ့ 0 bytes ဆိုပြီး အကြာကြီးနေပြီး Link သေသွားတတ်ပါတယ်
Cancel နှိပ်ပြီး IDM ကနေ Resume ပြန်လုပ်တဲ့အခါကျရင်တော့ အဲ့ဒီ့ Website အတွက် ကို Username နဲ့ Password တောင်းပါတယ်။ မတောင်းရင်တော့ ဆက်ဆွဲသွားပါ။

တောင်းခဲ့ရင်တော့ အောက်ကနည်းလမ်းအတိုင်းလုပ်ပေးလိုက်ပါ။ Resume ပြန်ရပါမယ်။ ကျွန်တော် အဲ့လိုနည်းနဲ့ လူလည်ကျတာ တော်တော်ကြာပါပြီ။ စိတ်မ၀င်စားမှာဆိုးလို့ မတင်ဖြစ်တာပါ။
ကဲ စကားတွေ များသွားရင်တောင်းပန်ပါတယ်။ လုပ်နည်းလေးကတော့

(၁) အရင်ဆုံး ဆွဲနေတဲ့ File ရဲ့ မူရင်းလင့်ရှိပါမယ်။ အဲ့ပာာကို Mozila ဖြစ်ဖြစ် IDM Addon သွင်းထားတဲ့ Browser တစ်ခုခုနဲ့ ဖွင့်လိုက်ပါ။ (Example: http://pan.baidu.com/s/123123123) ဆိုပြီးတော့။

(၂) အဲ့ဒါကို ဒီတိုင်းထားပြီး Minimize လုပ်ထားလိုက်ပါ။ ပြီးရင် IDM ကိုဖွင့်ပါ။

(၃) IDM မှာ ခုနက (Example Link) မှာဆွဲလက်စ ကနေလင့်သေသွားတဲ့ ဖိုင်လေးကို Right Click နှိပ်လိုက်ပါ။

(၄) Right Click နှိပ်လိုက်ရင် အလယ်လောက်မှာ Refresh Download Address ဆိုတာလေးရှိပါတယ်။ အဲ့ဒါကိုနှိပ်လိုက်ပါ။ သူမေးလာရင် OK နှိပ်ပေးပါ။

(၅) IDM ကနေ Box လေးသေးသေးလေး ကျလာပြီး တော့ Mozila ကို Default Browser အနေနဲ့ ထားထားတယ်ဆိုရင်တော့ Automatic Mozila Firefox နဲ့တက်သွားပါမယ်။ မထားထားဘူးဆိုရင်တော့ တစ်ခုခုနဲ့ တက်သွားပါမယ်။ ဂရုမစိုက်ပါနဲ့။ သူပွင့်သွားတဲ့ Link ကိုပိတ်လိုက်ပါ။

(၆) ခုနက Box သေးသေးလေးမှာ ရေးထားတာ လေးကတော့ Stop Waiting ဆိုပြီးရေးထားပါမယ်။ မနှိပ်မိပါစေနဲ့။

(၇) ဒီအချိန်မှာ ခုနက လင့်သေသွားတဲ့ Link ကို အစောပိုင်းက Mozila မှာဖွင့်ထားတယ်လေ။ အဲ့က နေ ပုံမှန် ဒေါင်းလုပ်ဆွဲနေကျအတိုင်း ဒေါင်းလုပ်ပြန်ဆွဲလိုက်ပါ။ ပိာု Box လေးကို လုံးဝ မပိတ်မိပါစေနဲ့။

(၈) နောက်ဆုံး ဒေါင်းလုပ်ဆွဲဖို့ အဆင်ပြေပြီ ဆိုတာနဲ့ ခုနက IDM က ကျလာတဲ့ Box လေးသေးသေးလေးက Automatic ပိတ်သွားပါမယ်။

(၉) နောက်ဆုံးအဆင့်အနေနဲ့ IDM ကနေ Refresh Download Address လုပ်ထားတဲ့ File လေးကို ထောက်ပြီး Resume Download ပြန်နှိပ်လိုက်ပါ။

ကဲ သင်အဆင်ပြေသွားပြီလားးးးးး :)

No comments:

Post a Comment