Pages

Friday, December 6, 2013

iOS သမားတွေ 3rd Party Software တွေသုံးပြီး iTunes နဲ့ ပြန်ချိတ်မိတဲ့အခါ Restore လုပ်ခိုင်းတဲ့ ပြသနာကိုရှင်းဖို့


iOS သမားတွေ iTools တို့ iFunBox တို့လို 3rd Party App တွေနဲ့သွင်းပြီးတဲ့နောက်ပိုင်းမှာ iTunes က Restore လုပ်ခိုင်းတဲ့ပြဿနာကိုတော်တော်များများတွေ့နေရပါတယ်။

အဲဒီပြဿနာကိုဖြေရှင်းဖို့ အတွက်ကို တော့ အောက်က အတိုင်း လုပ်လိုက်ပါ။


မိမိရဲ့ ကွန်ပြူတာထဲမှာ iTools လေးတော့ သွင်းထားပေးပါ။

မရှိရင် ဒီမှာ သွားဒေါင်းလိုက်ပါ။

(၁) ပထမဆုံးအနေနဲ့ မိမိရဲ့ iDevice လေးကို ကွန်ပြူတာ နှင့်ချိတ်လိုက်ပါ။
(၂) iTools ကိုဖွင့်ပါ။
(၃) iTools ထဲမှာ FileSystems > iTunes_Control ရဲ့အောက်က iTunes ဆိုတဲ့ Folder ကိုဖျက်လိုက်ပါ။


ပြီးရင် ကြိုးပြန်ဖြုတ်ပြီးပြန်တပ်လိုက်ရင် iTunes Library နဲ့ ပြန် Sync လုပ်လို့ရပါပြီ


iTunes ဖွင့်လိုက်ရင် ဒီလိုပုံစံလေးနဲ့ တော့ တက်လာပါမယ်။ မစိုးရိမ်ပါနဲ့ .... သင့် Data တွေ ဘာတစ်ခုမှ LOST မဖြစ်ပါဘူး။ တစ်ခုတော့ ရှိပါတယ်။ သီချင်းတွေ တော့ အာမ မခံပါဘူးးးး ခ်ခ်... :P


 

အခုဒီနည်းလေးကို ပြောပြပေးတဲ့ ညီလေး Sezin Lynn အား အထူးပင်ကျေးဇူးတင်ရှိပါသည်။



No comments:

Post a Comment