Saturday, November 1, 2014

iOS 8,8.1 Untethered Jailbreak With Pangu English Version


အရင် iOS 8 ကို Jailbreak လုပ်ဖို့ အတွက် တရုတ်ဖောင့်ပြသနာနဲ့ Touch ID ဆိုတဲ့ ဘာရေးထားမှန်းမသိတဲ့ Error ကြီးကို အရင် Pangu Version မှာကြုံတွေ့ကြမယ်လို့ ထင်ပါတယ်။
အခု ဒီ Version မှာတော့ English Version လေးပါ။
နောက်တစ်ချက်က အရင် Version မှာ Cydia ကို တစ်ခါထပ်သွင်းရတယ်လေ။
အခု Version မှာ Jailbreak ပြီးတာနဲ့ Cydia ကိုပါ တစ်ပါတည်း သွင်းယူနိုင်မှာ ဖြစ်ပါတယ်။
အခုထွက်ရှိထားတဲ့ Pangu version 1.1.0 ဟာ Untether Jailbreak ဖြစ်ပြီး Cydia ကိုပါ တစ်ပါတည်း Automatic Install လုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ Windows ပေါ်မှာသာ ဒီ Tool ကို အသုံးပြုလို့ရသေးမှာဖြစ်ပါတယ်။


Pangu Can Jailbreak this Devices.

  • iPhone 6, iPhone 6 Plus, iPhone 5s, iPhone 5c, iPhone 5, iPhone 4S
  • iPad Air, iPad 4, iPad 3, iPad 2
  • iPad mini, Retina iPad mini
  • iPod touch 5G
Download HERE Pangu v1.1.0 >> MEDIAFIRE <<

<< How to Jailbreak >>

1. Jailbreak မပြုလုပ်မီ မိမိရဲ့  Passcode and Touch ID ကို ဖြုတ်ပေးထားပါ။ 

2. ဒီ Jailbreak Tool ဟာ iOS 8 မှ 8.1 ကို Online Update လုပ်ထားခဲ့ပါက မအောင်မြင်နိုင်သည့်အတွက်၊ iOS 8.1 Firmware ကို Download ဆွဲပြီး iTunes နဲ့ Restore ပြန်လုပ်ပါမှ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

3. မိမိ ရဲ့ iTunes ကို Latest Version သို့မြင့်ထားပေးပါ။ ပြီးလျှင် Data Backup ယူထားပါ။ အခန့်မသင့်လျှင် အကုန်ပျက်နိုင်သည်။

4. Download လုပ်လို့ရလာတဲ့ Pangu8_v1.1.0_UpdbyKaungMYat@SSOT.exe ဖိုင်ကို
Right Click >> "Run as Administrator" ကို ရွေးပြီး ဖွင့်ပေးပါ။

5. မိမိ ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး "Start Jailbreak" ကို နှိပ်ပါ။


6. Backup လုပ်ပြီးပြီလားလို့ မေးလာရင် "Already did"  ကို ရွေးပါ။

7. ဒါဆိုရင်တော့ Pangu မှ စတင်ပြီး Jailbreak စလုပ်ပါမယ်။





8. Jailbreak Succeeded ! ဆိုပြီးပေါ်လာရင်တော့ မိမိ ဖုန်းရဲ့ Home screen မှာ Pangu App နှင့် Cydia လေးကို တွေ့ပါမယ်။ ဒါဆိုရင် သင်တို့ လိုချင်တဲ့ Jailbreak လေး ဖြစ်သွားပါပြီ။

အားလုံးအဆင်ပြေကြပါစေ. .... ... .. ။

No comments:

Post a Comment