Thursday, August 28, 2014

Windows 8 and 8.1 တွေမှာ Windows တင်ပြီး တချို့ Software သွင်းရင် .net Framework Download ဆွဲခိုင်းတဲ့ပြသနာဖြေရှင်းနည်း


Windows 8 နဲ့ 8.1 (ALL VERSION > Including Pro Version) တွေမှာ Window တင်ပြီးတာနဲ့ တချို့ Software တွေ သွင်းလို့မရတဲ့
ပြသနာ တွေ ကြုံတွေ့ရတတ်ပြီး "dotNet Freamewok" ကို ဒေါင်းလုပ်ဆွဲခိုင်းပါတယ်
သူတောင်းတဲ့ dotNet Version 3.5(Including 2.0) ဟာ ကိုယ့်ဆီမှာရှိတယ်ဆိုပေမဲ့ အသုံးမ၀င်ပါဘူး
အဲ့ဒီ့ပြသနာ ကိုဖြေရှင်းဖို့ အတွက်ကို အခု Offline dotNet Freamework for Windows 8,8.1 ဆိုပြီး Tool တစ်ခုတင်ပေးပါမယ်။
ဒီကောင်လေးကို မိမိ PC မှာ Run လိုက်တာနဲ့ အဆင်ပြေသွားမှာဖြစ်ပါတယ်။
Downoad ဆွဲဖို့ ကလဲ Connection အရမ်း နှေးသူတွေတောင်မှ အဆင်ပြေစေမဲ့ Size လေးဖြစ်ပါတယ်။
ဒီ Tool ကို အသုံးပြုဖို့အတွက် >> မိမိ ယခု တင်ထားတဲ့ Window ရဲ့ DVD လေးရှိရပါမယ်။ စက်ထဲမှာ ISO ရှိရင်လဲ Mount လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

အသုံးပြုနည်း
(၁) DVD Drive ထဲသို့ Windows Installation Disc ကိုထည့်သွင်းပါ။
(၂) dotNetFramework Offline for Win8_8.1 All Version ကို Run ပါ။ (Run တဲ့နေရာမှာ R Click > Run as administrator ဖြင့် Run ပါ)
(၃) Password တောင်းပါမယ်။ SSOT ဆိုပြီးရိုက်ထည့်ပါ။ (အကုန်လုံး အကြီးပါ)
(၄) Yes or No မေးလာရင် Y ဆိုပြီး ရိုက်ထည့်ပါ။

(၅) မိမိရဲ့ Installer Disc ထည့်ထားတဲ့ DVD Drive Letter လေးကို ဖြည့်ပေးပါ။ ကျွန်တော့် Drive က (F) ဖြစ်လို့ F ရိုက်ပြီး Enter နှိပ်ပါတယ်။

(၆) ဒါဆိုရင်တော့ Windows ခွေထဲက ဖိုင် တချို့ကို မိမိရဲ့ စက်ထဲသို့ Temporary အနေနဲ့ ကူးထည့်နေပြီဖြစ်ပါတယ်။ (အချိန်အားဖြင့် ၁၀ မိနစ်ခန့်ကြာပါတယ်)
(၇) ကူးထည့်ပြီး နောက်တစ်ဆင့်မှာ Automatic Installation လုပ်သွားမှာဖြစ်ပါတယ်။

ကဲဒီလောက်ဆိုရင်တော့ ခုနက Run လို့မရတဲ့ Software တွေ ပြန် Run ကြည့်ပါဦး။
အဆင်မပြေတာရှိရင် Comment ပေးခဲ့ပါဦး။

Download LINKS > MEDIAFIRE
                              > DEV-HOST

                              > 4SHARED

LIKE US ON FACEBOOK : > www.facebook.com/sony.samsung/
Add Friend on Facebook : > www.facebook.com/djkaungmyat/

No comments:

Post a Comment