Friday, February 14, 2014

Build In Battery (Battery အသေ) တွေ စက်ပာန်းသွားခဲ့ရင်

ကဲ မတင်တာ လဲ ကြာပြီ ဖြစ်သမို့ .. ဒီတစ်ခေါက် တော့ Tutorial လေး တစ်ခုလောက် တင်မယ်ဗျာ....

ဖုန်း တွေ တစ်နေ့ နဲ့ တစ်နေ့ တစ်လ နဲ့ တစ်လ တစ်နှစ် နဲ့ တစ်နှစ် အများ ကြီး ထွက်လာ တာနဲ့ အမျှ Error ဆိုတာ ကြုံ စမြဲ ပါ....

ဒီတစ်ခေါက်မှာပြော ပြပေးမှာတော့ Build In Battery (Battery အသေ) တွေ စက်ပာန်းသွားခဲ့ရင် ဘယ်လို လုပ်ရမလဲ  ဆိုတာလေးကို ပြောပြပေးမှာဖြစ်ပါတယ်။
သိပြီးသားသူတွေ လဲ ရှိသလို မသိတဲ့ သူတွေ လဲရှိပါတယ်။
မသိတဲ့ သူတွေ အတွက် ဦးစားပေး ဖော်ပြပေးမှာဖြစ်ပါတယ်။



ကဲ.... အဲ့လို စက်ပာန်းသွားခဲ့ရင် Vol Up + Power ခလုတ် ကို 5 Sec လောက် ဖိထားလိုက်ပါ။ (ဘွမ့်) ဆိုပြီး ဖုန်းက တစ်ချက် တုန်သွားပါမယ်။ ဖိထားတာ တွေကို လွှတ်လိုက်ပါ။
အဲ့တာ Restart ကျ တာဖြစ်ပါတယ်။

အဲ့လိုမှ မပာုတ်ပဲ Power ပိတ်ချင်တယ်ဆိုရင်တော့
ခုနက 5 Sec မှာ တစ်ချက် (ဘွမ့်) သွားတာကို ဂရုမစိုက်ပဲ ဆက်ဖိထားပါ။
(ဘွမ့် ဘွမ့် ဘွမ့်) .... ၃ချက် (ဘွမ့်) သွားရင် ဖိထားတာ အကုန်လွှတ်လိုက်ပါ။
အဲ့တာ Power ပိတ်တာ ဖြစ်ပါတယ်။

Sony Xperia ဖုန်းတွေ အတွက်ကို ရည်စူး ပြီးပြောပေးတာ ဖြစ်ပါတယ်။ အခြားသော ဖုန်းတော်တော် များများ လဲ ထိုနည်း လိုပဲရပါတယ်။

https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-frc3/t1/s403x403/1545898_657095831015547_1739788730_n.jpg

အဆင်မပြေရင် အောက်က မန့်ခဲ့နော်။

No comments:

Post a Comment