Tuesday, January 14, 2014

Android Application တစ်ခုဖြစ်တဲ့ GPK လေးကို APK ပြောင်းပြီး Install လုပ်နည်း


How to Install GPK Extension File on Your Android Devices

Post တွေ မတင်တာလဲ ကြာပြီဖြစ်လို့ အခုတစ်ခေါက်မှာ ပြောပေးမှာကတော့...
GPK extension File တွေကို ဖုန်းထဲ ဘယ်လို Install လုပ်ရလဲဆိုတာလေးကိုပြောပြပေးမှာပါ။
မသိသေးသောသူများ အတွက် ရည်ရွယ်ပြီး တင်ပေးမှာ ဖြစ်တဲ့ အတွက် သိသောသူများ ကျော်ဖတ်သွားပေးပါ။ :)

Install လုပ်နည်းကတော့ ၂နည်း ရှိပါတယ်။ ၂နည်းလုံးပြောပြပေးမှာပါ။
တစ်နည်းကတော့ မိမိဖုန်းမှာပဲ Install လုပ်တဲ့နည်းပါ။
နောက်တစ်နည်းကတော့ ကွန်ပြူတာနဲ့ Install လုပ်တဲ့နည်းပါ။


ကဲ အဲ့တာအတွက် အောက် မှာ ဖိုင် ၂ဖိုင်ကို Mediafire Link ကနေတင်ပေးထားပါတယ်
Download GPK INstalleR for ur Android using Phone
Download GPK INstalleR for ur Android using Computer

အခု ဖုန်းကနေပဲ သွင်းတဲ့နည်းကိုအရင်ပြောပြပေးပါမယ်။

၁။ Download လုပ်လို့ရလာတဲ့ GPK2APK_byKaungMYat@SSOT.apk လေးကို မိမိဖုန်းမှာ Install လုပ်ထားလိုက်ပါ။

၂။ ပြီးရင် ကိုယ်သွင်းချင်တဲ့ GPK File လေးကို ဖုန်းရဲ့ Internal Storage ထဲထည့်ပေးထားပါ။ (Huawei ဖုန်းတွေမှာဆိုရင် SD Card ကို Default ပေးထားရင် SD Card ထဲ ထည့်လို့ရပါတယ်)

၃။ ခုနက Install လုပ်ထားတဲ့ APK လေးက အောက်မှာ ၀ိုင်းပြထားတဲ့ Icon လေးနဲ့တပ်လာပါမယ်။ အဲ့ကောင်လေးကို ဖွင့်လိုက်ပါ။

 

 ၄။ ဖွင့်ပြီးသွားရင် အောက်က ၀ိုင်းပြထားတဲ့ ပာာလေးကို ထပ်နှိပ်လိုက်ပါ။ (သူ့ရဲ့ သဘောကတော့ Storage ထဲမှာရှိတဲ့ GPK, APK စတဲ့ Android App တွေ အကုန်လုံးကို Search လုပ်ပေးတာပါ။ နောက်ထပ် GPK or APK တစ်ခုခု Storage ထဲထည့်ပြီး Install လုပ်ချင်သူတွေ အဲ့ကောင်လေးကို ထပ်နှိပ်ပေးရပါမယ်။ Refresh သဘောပါ။)

 

၅။ ရှာလို့တွေ့လာတဲ့ File တွေ အကုန်လုံးကို အောက်က ပုံအတိုင်းပြပေးပါမယ်။ ကိုယ် လိုချင်တဲ့ App ကို Install လုပ်ဖို့အတွက် (1) မှာပြထားတဲ့ ဖုန်းပုံလေးကို နှိပ်ပြီး Install လုပ်နိုင်ပါတယ်။ မြှားပြထားတာကတော့ Install လုပ်နေတဲ့ ပုံလေးပါ။


၆။ ဒီလိုမေးလာခဲ့ရင်တော့ ဘယ်ဘက် က ကောင်ကိုရွေးပေးပါ။ Install လုပ်ဖို့ Request တောင်းတာပါ။

 ၇။ အဆင့် (၅) ကအတိုင်း Progress Bar လေးပြည့်သွားရင်တော့ APK အဖြစ်ပြောင်းပြီးသွားပြီဖြစ်ပြီးတော့ ပုံမှန် Install လုပ်ဖို့ လာမေးပါလိမ့်မယ်။ Install လုပ်ပေးလိုက်ရုံပါပဲ။

ဒီလောက်ဆိုရင်တော့ GPK ဖိုင်တွေကို APK ပြောင်းတတ်လောက်ပြီထင်တယ်နော်..။

ကဲ ကွန်ပြူတာနဲ့ သွင်းဖို့အတွက်ကတော့

၁။ ခုနက ဒေါင်းလို့ရတဲ့ EXE ဖိုင်ကို မိမိ PC မှာ Install လုပ်ပေးလိုက်ပါ။

၂။ ဒါဆိုရင်တော့ APK, GPK အစရှိတဲ့ Android App တွေပာာ မိမိ ကွန်ပြူတာပေါ်မှာ သူ့ Original Logo နှင့်တကွ ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။

၃။ မိမိ သွင်းချင်သော GPK ဖိုင်ကို Double Click လုပ်လိုက်ပါ။ အောက်ကပုံအတိုင်းပေါ်လာပါမယ်။ ပုံမှာ စာနှင့်တကွ ပြထားပါတယ်။ Install လုပ်ချင်ရင်တော့ ဘယ်ဘက်ပေါ့။


 ၄။ ဒါလေးကတော့ Installing in Progress ပေါ့နော်။


၅။ ပြီးသွားလို့ရှိရင်တော့ အပေါ်က အလုံးလေးလည်နေတဲ့ နေရာမှာ အမှန်ခြစ်လေးပြသွားမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ GPK ဖိုင်ကို အလွယ်သွင်းတတ်လောက်ပြီထင်ပါတယ် ဗျာ.... :)

အားလုံးပဲ အဆင်ပြေကြပါစေ။ မပြေရင် မန့်ခဲ့ကြနော်...


2 comments:

  1. muzhiwan acc တောင်းနေလို့ အဆင်မပြေဘူး

    ReplyDelete