Tuesday, December 17, 2013

Galaxy S3 (GT-I9300) ရဲ့ Download Mode ထဲက Flash Count တွေ ဖျောက်ဖို့

https://lh5.googleusercontent.com/-qOC3_rAIQ1k/UMQuIIrAepI/AAAAAAAAMRE/P0QiWRqlxIY/w448-h252-k/20121209_002158.JPG

Galaxy S3 (GT-I9300) မှာ တက်နေတဲ့ Custom Binary Download ဆိုတဲ့ နေရာက Count တွေ ကိုဖျောက်နည်း 

တစ်ချို့ I9300 (S3) တွေမှာ Dead Boot ဖြစ်သွားလို့ Dead Boot နှိုးပြီး Count တွေ (၁)သိန်းကျော်တက်နေတာကို ဖျောက်တဲ့နေရာမှာ သုံးပါတယ်

CUSTOM BINARY DOWNLOAD : NO
ဆိုပြီး ဖြစ်သွားစေမှာဖြစ်ပါတယ်။
လူသိအများဆုံး APK လေး က Triangle Away လို့ခေါ်ပါတယ် ၊ ခုဟာလေးကတော့
Odin3_v3.04 ကို သုံးပြီး PDA နေရာမှာ ထည့် ပြီး Flash လုပ်လိုက်ရုံပါပဲ။


Flash လုပ်ပြီးရင် ပါဝါ ပြန်တက်ပြီး Home Screen ပြန်ရောက်သွားပါမယ်။
ဘာမှမလုပ်ပါနဲ့ Power ပြန်ပိတ်လိုက်ပါ။ ပြီးရင်တော့ Recovery Mode ကို ၀င်နေကျ အတိုင်းပဲဝင်လိုက်ပါ။
မ၀င်တတ်ရင် ဒီမှာ  သွားကြည့်လိုက်ပါ။
Recovery Mode ထဲရောက်သွားရင် တရုတ်စာတွေနဲ့ တက်လာပါလိမ်.မယ် ဘာမှမလုပ်ပါနဲ့ Volume up key ကို တစ်ချက်နှိပ်ပေးလိုက်ပါ။ Reboot Auto ပြန်ကျသွားပါမယ်။
ပြီးသွားရင်တော့ ထုံးစံအတိုင်း Home Screen ကိုပြန်ရောက်သွားပါမယ်။
Download Mode ပြန်ခေါ်ကြည့်လိုက်ပါ။ Count ပျောက်သွားတာကို တွေ့ရပါမယ်။
ဒါပေမဲ့ မပြီးသေးပါဘူး။ သင့်ဖုန်းမှာ Recovery Mode ဆိုတာ ကြီးက မရှိတော့ပါဘူး။ ခုနက တရုတ်စာတွေက နေရာယူသွားပါပြီ။
ဒါအတွက်ဖြေရှင်းဖို့ က တော့ Stoke Recovery ပြန်သွင်းလိုက်ရင် တော့ အဆင်ပြေသွားပီပေါ့။
ဒါဆိုရင်တော့ သင့်ရဲ့ I9300 (S3) လေးပာာ Count တွေ လဲမရှိ နဂို Recovery Mode လေးနဲ့ ပြန်လန်းနေပြီပေါ့။
Download Mode ခေါ်ကြည့်ယုံနဲ့ သင့်ဖုန်းက Warranty ပြန်ရမယ် ဆို ပြန်ရနေပါပြီ။

Zip ဖိုင်ဖြည်ချလိုက်ရင် File ၂ ဖိုင်ရှိပါမယ်။
"Quens_I9300_flashcounter.tar" နဲ့ "GT-i9300 InternationalStock Recovery.tar" ဆိုပြီး။

Flash Count ဖျောက်ဖို့ကို ဒေါင်းလို့ရလာတဲ့ Zip ဖိုင်ထဲက "Quens_I9300_flashcounter.tar" ကို PDA နေရာမှာ ထည့်ပေးပါ။
Stoke Recovery ပြန်သွင်းဖို့ကိုတော့ "GT-i9300 InternationalStock Recovery.tar" ကို PDA နေရာမှာ ထည့်ပေးပါ။

Download Mode မခေါ်တတ်ပါက >> ဒီမှာ သွားကြည့်ပါ။
Recovery Mode မ၀င်တတ်ပါက >> ဒီမှာ သွားကြည့်ပါ။

Zip ဖိုင်ကိုတော့ အောက်မှာဒေါင်းလိုက်ပါ
Download I9300_FlashCountRemove 

Odin3_v3.04 ကိုတော့ အောက်မှာဒေါင်းပါ
Download Odin3_v3.04

No comments:

Post a Comment