Tuesday, October 29, 2013

Play Store ပေါ်မှာတင်ထားတဲ့ FREE APK ဖိုင်တွေကို Computer ကနေဒေါင်းလုပ်ရယူကြမယ်

http://www.digitaladvices.com/wp-content/uploads/play-store-to-pc.png

Play Store ပေါ်မှာတင်ထားတဲ့ FREE APK ဖိုင်တွေကို Computer ကနေဒေါင်းလုပ်ရယူဖို့အတွက်

Play Store ပေါ်မှာတင်ထားတဲ့ Free APK ဖိုင်တွေကို Download လုပ်ဖို့ဆိုတာ Android ဖုန်းတစ်လုံး မကိုင်ထားတဲ့ သူတွေ အတွက် ဒါပာာ မဖြစ်နိုင်ပါဘူး။ ဒီပြသနာတွေကို ဖြေရှင်းပေးဖို့အတွက် ဒီနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။ သိတဲ့သူတွေ ကကျော်ဖတ်သွားကြပါ။ မသိတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။


ဒီနည်းလမ်းလေးကတော့ အင်တာနက်တစ်ခု ရှိရုံ နဲ့တင်ရနေပါပြီ။ ဘာ Software မှ ထပ်ပြီးတော့ Install လုပ်စရာမလိုပါဘူး။ ဒါပေမဲ့ Internet Download Manager နဲ့ ဒေါင်းရင်တော့ ပိုမြန်တာပေါ့နော်။ IDM သွင်းထားပြီးသာ သူဆိုရင်တော့
(၁) IDM ကို ဖွင့်လိုက်ပါ။
(၂) စက်ဘီးပုံလေးနဲ့ Options ထဲဝင်ပါ။
(၃) File Types ဆိုတဲ့ Tab အောက်မှာ Automatically start downloading the following file types ဆိုတဲ့ အောက်မှာ Extention တွေ အများ ကြီးထဲက နောက်ဆုံးမှာ Space Bar လေးခြားပြီး APK ဆိုပြီး ရိုက်ထည့် ကာ OK နှိပ်ပြီး ပြန်ထွက်လိုက်ပါ။

ပြီးသွားရင်တော့ အောက်က အဆင့်တွေအတိုင်း လုပ်ဆောင်လိုက်ပါ။

STEP - 1

အရင်ဆုံး "https://play.google.com" ထဲကို Browser မှ တစ်ဆင့် ၀င်လိုက်ပါ။ ရိုက်ရမှာပျင်းရင် အောက်ကပုံကို CLICK.

 


STEP - 2

ပြီးသွားရင်တော့ အောက်မှာက Note 2 ရဲ့ Live Wallpaper ကို အစမ်းဆွဲပြမှာပါ။
အဲ့တာလေးကို နှိပ်လိုက်ပါမယ်။ အောက်ကပုံအတိုင်း ကျလာပါမယ်။


STEP - 3

အဲ့ဒီ့က URL ကို Copy လုပ်လိုက်ပါ။


STEP - 4

Copy လုပ်ပြီးရင်တော့ Browser မှာ "http://apps.evozi.com/apk-downloader/"ဆိုပြီးရိုက်ထည့်ပါ။ ရိုက်ရမှာ ပျင်းရင် အောက်က ပုံကို CLICK

အပေါ်ကပုံအတိုင်း Paste Here ဆိုတဲ့နေရာမှာ ခုနက Play Store က Copy ကူးလာတဲ့ URL ကို Paste လုပ်လိုက်ပါ။


STEP - 5

ပြီးရင် Generate Download Link ကိုနှိပ် ပြီး ခေတ္တစောင့်ပါ။ File Size ပေါ်မူတည်ပြီး အချိန်ကြာမြင့်တတ်ပါတယ်။


STEP - 6

ဒီလိုပုံလေးပေါ်လာ ရင်တော့ Click Here to Download _____ now ဆိုတာလေးကို နှိပ်လိုက်ရင်တော့ IDM နဲ့ စတင် Download လုပ်ပါလိမ့်မယ်။

ဒါဆိုရင်တော့ Play Store က APK တွေကို ဒီနည်းလေးနဲ့ အဆင်ပြေပြေ ကွန်ပြူတာက နေဒေါင်းလို့ရပီပေါ့... 


အဆင်ပြေနိုင်ကြပါစေ။

No comments:

Post a Comment